Wednesday 29 March 2017

ဖြေလေ (UK Day Light Saving)

အကယ်၍
ပစ္စုပ္ဗန်တည့်တည့် ဓမ္မဓိဋ္ဌာန်ကျကျ
သင့်အား မေးခွန်းတစ်ခု မေးအံ့
ထိုမေးခွန်းမှာ အလွန်ပင် ရိုးရှင်းလွယ်ကူလှပေ၏။
ရက်တစ်ရက်မှာ အချိန်နာရီပေါင်း မည်မျှရှိသနည်း ဟူလို။ 
အကယ်၍
သင်၏ အဖြေသည်
အများနည်းတူ ယေဘုယျသဘောသို့ လိုက်ကာ
ရက်တစ်ရက်မှာ အချိန်နာရီ ၂၄ နာရီ တိတိ ရှိပါသည်ဟု
ဖြေဆိုခဲ့ငြားအံ့။
သင်၏ အဖြေသည်
တက်တက်စင် လွဲချော်နေသော အဖြေဖြစ်သည်ကို
သင်အံ့သြစွာ တွေ့ရှိရပေလိမ့်မည်။
ထိုသို့ဆိုလျှင်
အဖြေမှန်ကား အဘယ်သို့နည်း
သိလိုပါက လေ့လာမှတ်သား ပွါးများကြကုန်လော့။
ကိုယ်မှန်သည်ဟု မှတ်ယူထားသည့် အဖြေအား
အမှားဟု ထောက်ပြပြောဆိုလာသော သူအား
အမျက်မထားကြပါလင့်။

(၂၆ မတ်လ ၂၀၁၇)

No comments: