Wednesday 29 March 2017

"အပြောင်း" တေးထပ်

အကြောင်းခံ ပြောင်းဟန်က
ဒေါင်းမာန်ကြွ ထိုးပြင်။
ပြောင်းဥာဏ်က တစ်မျိုးဆင်လျှင်
အကျိုးမြင် လွန်ရှား။
အပြောင်းပြဖို့ ပြောင်းဖို့တွေကို
ပြောင်းဖို့ဆို ပြောင်းဖို့ ပြင်ထား။
နှောင်းသမျှ ပြောင်းဖို့ ပြင်တယ်
ပြောင်းလို့ရယ် ပျော်ပါး။
ပြောင်းစို့ကွယ် အလျော်စားတွေနဲ့
ပျော်ပျော်ပါး ပြောင်းမှာ။
ပြောင်းစရာ အမှုန်နစ်တွေမှ
အကုန်ခြစ် ပြောင်းကြဦးမှာ။
အကြောင်းပြ ပြောင်းစရာကို
ခေါင်းချာချာ ဖက်တွဲလို့။
ခက်ခဲစွာ့ ပြည်သူတွေ
ဆိုးဒုက္ခဝေ။
အပြောင်းကြိုက်တဲ့ ပြောင်းမိုက်တွေရယ်
ပြောင်းလိုက်လေ ထပ်ပြောင်းနေကြလေး။
(၁၇ မတ်လ ၂၀၁၇)

No comments: