Wednesday 29 March 2017

တုံးဖလား ဖုန်းရသောနေ့

ဒီနေ့
မိတ်ဆွေမိသားစု နှစ်စုနှင့်အတူ
Bath ဆိုတဲ့ မြို့ကလေးကို
အလည်အပတ်သွားဖြစ်တယ်
လန်ဒန်ကနေ ၉၇ မိုင် ဝေးတယ်။
.
အဲဒီ Bath မြို့ကလေးဟာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က
ရောမလူမျိုးတွေ တည်ထားခဲ့တဲ့ မြို့လေးတစ်မြို့ပေါ့
ရေပူစမ်း မြို့တော်လေးအနေနဲ့
နာမည်ကြီးပါတယ်။
.
အဲဒီမြို့လေးကို သွားရင်း
လမ်းတလျှောက်
နာမည်မပါတဲ့ နံပါတ်တစ်ခုနဲ့
ဗိုက်ဗာကနေ တတုံတုံခေါ်နေတာ
ငါးခါထက်မနည်းဘူး။
.
ဖုန်းကတော့ မြန်မာနိုင်ငံရဲ့
ကုဒ်နံပါတ်နဲ့ပါ
ကိုယ်ကလဲ
နာမည်မပေါ်တဲ့ နံပါတ်ဆို
ပြန်ထူးရိုးထုံးစံမရှိ။
.
နောက်နာရီအတော်ကြာမှ
မက်ဆေ့ခ်ျတစ်ခုဝင်လာတယ်
ငါပါဟ၊ မနေ့တနေ့ (စက်တင်ဘာ ၁၆ ရက်နေ့)ကစပြီး
တုံဖလားမှာ ဖုန်းရော အင်တာနက်ရော သုံးလို့ရနေပြီ
အဲဒါနဲ့ ငါစမ်းကြည့်လိုက်တာ တဲ့
တုံဖလားရွာဦးကျောင်းဆရာတော်ဆီက ဖြစ်နေတယ်။
.
ကဲ...
တုံးဖလားကတော့
ကမ္ဘာ့ရွာထဲ ၀င်လာပြီ
ကိုယ်ဘက်ကသာ
ပုန်းနေဖို့ပဲ လိုတော့တယ်။း)


(၁၈ စက်တင်ဘာ ၂၀၁၆)

No comments: