Wednesday 29 March 2017

(ဆင်ဝင်)

မနေ့တနေ့
အောက်ဆင်းတွေ့တော့
ဟေ့..ဟေ့ မောင်ရင်
ငါပြောချင်ဟု
အိမ်ရှင် ဘိုးအို
စကားဆို၏။
.
ဟို အတိတ်က
အိမ်ဝင်ဝတွင်
လှပပုံစံ
အမိုးခံပြီး
အစွန်ထိုးထွက်
အိမ်ကပ်ရက်၌
ယှဉ်လျှက်ဆောက်ထား
ထိုဟာများကို
အများလူရှင်
"အိမ်ဆင်ဝင်"ဟု
ခေါ်ငင်သမုတ်
နာမထုတ်၏။
.
အဟုတ်အမြန်
ဓိပ္ဗါယ်မှန်ကို
ရှင်းပြန်ပါဦး
မြင်းမိုရ်ကျူးသည့်
ကျေးဇူးပိုမို
အဘိုးအိုရယ်။
..
အို အို မောင်ရင်
သောတဆင်လော့
ယခင်ရှေးက
ရွာဂါမ၌
ဆင်မဆင်ထီး
ဆင်တွေစီးဖို့
အိမ်ကြီးပေါ်တက်
ထိုဟာထက်က
ဆင်တက်ဆင်ဆင်း
ပြုလုပ်ရင်းကြောင့်
အရှင်းဆိုရ
ထိုအိမ်ဝကို
လှပမည်တွင်
"အိမ်ဆင်ဝင်"ဟု
လူ့တွင်နတ်ရပ်
မှန်သတ်မှတ်သည်
ကြပ်ကြပ်မှတ်ပါ
မောင်ရင်ရာတဲ့။
.
သူကြီးမင်း (11 Sept 2016 04:45pm)

No comments: