Wednesday 29 March 2017

ဖတ်စာ

ရာသီဥတု ဖျားနေသည်
ဂုဏ်တော်များများပွါးပါ
ငနီတူကြော်တိုင်း ခါး၏
စားဖို့ အချိန် မရောက်သေး။
မြန်မာနွေဦးရောက်ပြီ
ကျောက်သင်ပုန်းများ မခွဲရ
ငကျွဲများကို သတိထားပါ
ငပိစားဖို့ မမေ့ပါနှင့်။
ပန်းတိုင်းမွှေးသလား
သွေးသားအရောင် စုံနေ၏။
ခြံခုန်ခုန်မထွက်ရ
အယုံလွယ်လျှင် ခြံပျက်တတ်သည်။

(၂၃ မတ်လ ၂၀၁၇)

No comments: